Ingredients
ကောက်ရိုးမှို - ၅ကျပ်သား
ရှီအီတာကီမှို - ၃ ပွင့်
သီဟိုဠ်စေ့ - ၅ကျပ်သား
ငရုတ်ရှည်ခြောက် - ၃ တောင့်
ငရုတ်ရှည်အနီ - ၁ တောင့်
သကြား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပဲငံပြာရည်အကြည် - စားပွဲတင်ဇွန်း ၁ ဇွန်း
ဟင်းသီးဟင်းရွက်ဆီ - စားပွဲတင်ဇွန်း ၁ ဇွန်း
Directions
၁။ ကောက်ရိုးမှိုနှင့် ရှီအီတာကီမှိုကို ပါးပါးလှီးပါ။ သီဟိုဠ်စေ့ကို ကြော်ထားပါ။ ငရုတ်ရှည်ခြောက်ကို ကြွပ်အောင်ကြော်ပါ။ ငရုတ်ရှည်အနီကို အလျားလိုက်လှီးထားပါ။

၂။ ဒယ်အိုးထဲတွင်ဆီထည့်ပြီး မီးအပူပေးပါ။ ဆီကျက်လျှင်မှိုနှစ်မျိုး၊ သီဟိုဠ်စေ့၊ ငရုတ်ရှည်ခြောက်ထည့်ပြီး မွှေကြော်ပါ။ သကြားနှင့် ပဲငံပြာရည်ခတ်ကာဆက်ကြော်ပါ။ အနေတော်လျှင် ပန်းကန်ပြားတစ်ချပ်တွင်ထည့်ကာ ငရုတ်သီးဖြူး၍တည်ခင်းပါ။

Comments