Your advertisement!
Ingredients
မုန်ညင်း - ၁ ပင်
ကောက်ရိုးမှို - ၅ ကျပ်သား
Champignon မှို - ၆ ပွင့်
ဂျုံမှုန့် - စားပွဲတင်ဇွန်း ၁ ဇွန်း
သကြား - လက်ဖက်ရည်ဇွန်း တ၀က်
ပဲငံပြာရည်အကြည် - စားပွဲတင်ဇွန်း ၂ ဇွန်း
ရေ - လက်ဖက်ရည်ပန်းကန်လုံး တ၀က်
ဟင်းသီးဟင်းရွက်ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း
Directions
မုန်ညင်းကိုရေဆေးပြီး အပိုင်းငယ်လေးများပိုင်းပါ။ ရေနွေးဆူဆူ၌ နူးညံ့လာသည်အထိနှစ်ပါ။ ပြီးလျှင်ရေစစ်ပြီး ပန်းကန်ပြားထဲ ပြင်ဆင်ထည့်ထားပါ။ ကောက်ရိုးမှိုကို ထက်ခြမ်းခွဲထားပါ။

ဒယ်အိုးထဲဆီထည့်ပြီး အပူပေးပါ။ ဆီကျက်လျှင် မှိုနှစ်မျိုးကိုထည့်ကြော်ပါ။ ရေအနည်းငယ် ထည့်ပါ။ သကြားနှင့် ပဲငံပြာရည်ထည့်ပါ။ ဂျုံမှုန့်ကို ရေအနည်းငယ်နှင့်ဖျော်ပြီးထည့်ကာဆက်ကြော်ပါ။ ဆောစ့်စေးပျစ်လာလျှင် မုန်ညင်းပေါ်သို့လောင်းထည့်ကာ သုံးဆောင်နိုင်ပါသည်။

Comments