Ingredients
မန်ကျည်းရွက်နုနု - ၁၀ ကျပ်သား
ပုဇွန်ခြောက် - အနည်းငယ်
ကြက်သွန်နီ - ၄ လုံး
ဆီ - ၂ ကျပ်ခွဲသား
ငံပြာရည် - အနည်းငယ်
ဆား - အနည်းငယ်
ပဲမှုန့်အကျက် - အနည်းငယ်
Directions
မန်ကျည်းရွက်အနုကလေးများကို အရိုးများကုန်အောင်သင်၍ ရေစင်စင်ဆေးထားပါ။ ကြက်သွန်နီကိုပါးပါးလှီး၍ ရေဆေးထားပါ။ မန်ကျည်းရွက်ထဲသို့ ကြက်သွန်နီ၊ ငံပြာရည်၊ ဆား၊ ပဲမှုန့်၊ ဆီစိမ်းတို့ထည့်ပြီး ရောနယ်၍သုပ်ပါ။