Your advertisement!
Ingredients
ပုဇွန်တုပ်အလတ် - ၂၀ ကျပ်သား
ဆလပ်ရွက် - ၄ ရွက်
ကြက်သွန်မြိတ် - ၁ ပင်
ဆီ - စားပွဲတင်ဇွန်း ၁ ဇွန်း
ပဲငံပြာရည်အကြည် - စားပွဲတင်ဇွန်း ၃ ဇွန်း
ကြက်သွန်ဖြူ (ပါးပါးလှီး) - စားပွဲတင်ဇွန်း ၃ ဇွန်း
ငရုတ်ကောင်းမှုန့် - အနည်းငယ်
Directions
၁။ ပုဇွန်တုပ်ကို အခွံခွာပါ။ ပုဇွန်ခေါင်းအတွင်းမှ ကလီစာများထုတ်ပါ။ ကျောမှ အမည်းလိုင်းများကိုဖယ်၍ ရေဆေးပြီး ခြောက်အောင်သုတ်ထားပါ။

၂။ အမြီးကို ၂ စင်တီမီတာခန့်ဖြတ်လိုက်ပါ။ ပုဇွန်အကောင်ကိုအလယ်မှခွဲ၍ ဟရာပေးပါ။ ဖြတ်ထားသောအမြီးပိုင်းကို ဟထားသည့်အကြောင်းထဲသို့ထည့်လိုက်ပါ။

၃။ ပေါင်းအိုးကို မီးဖိုပေါ်တင်ပြီးရေထည့်ပါ။ ပုဇွန်ပေါ်တွင်ကြက်သွန်ဖြူအုပ်၍ ၄မိနစ်ခန့် မီးပြင်းပြင်းနှင့်ပေါင်းပါ။

၎။ ဆလပ်ရွက်ကိုရေဆေး၍ ပန်းကန်ပြားတစ်ချပ်ပေါ်တွင် ခင်းထားပါ။ ပေါင်းထားသောပုဇွန်ကို ထည့်ပါ။

၅။ ဆီကိုအပူပေး၍ ပဲငံပြာရည်၊ ငရုတ်ကောင်း ရောထည့်ကာ ပုဇွန်ပေါ်သို့လောင်းထည့်ကာ ကြက်သွန်မြိတ်အုပ်ပြီး တည်ခင်းနိုင်ပါသည်။

Comments