Ingredients
ငါးအသား - ၁၅ ကျပ်သား
လိမ္မော်ရည် - ခွက်ဝက်
ပြောင်းကော်မှုန့် - စားပွဲတင်ဇွန်း ၂ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း တ၀က်
ကော်ရည် - စားပွဲတင်ဇွန်း ၁ ဇွန်း
ကြက်ဥ - ၁လုံး
ဆီ - အလုံအလောက်
Directions
၁။ ငါးကို အတုံးလေးများတုံးပါ။ ဆားနယ်၍ ၂၅မိနစ်ထားပါ။
၂။ ကြက်ဥနှင့် ကော်ရည်ကို ခွက်တခုတွင်ထည့်၍ရောပါ။ တုံးထားသောငါးကို ကော်ရည်ထဲတို့ပြီး ကော်မှုန့်ပါးပါးလေးအုပ်ပါ။
၃။ ဒယ်အိုးထဲသို့ဆီထည့်ပြီး ငါးကို ကြွပ်ရွသည်အထိ ကြော်ပါ။ ဆီစစ်ပြီး ပန်းကန်ထဲထည့်၍ ပြင်ဆင်ပါ။
၎။ အိုးထဲသို့ ဆီပါရုံနှင့် လိမ္မော်ရည်ကိုလောင်းထည့်ပါ။ လိမ္မော်ရည် ပျစ်ရုံသာပျစ်ရန် ကော်မှုန့် အနည်းငယ်ထည့်ပါ။ ပြင်ဆင်ထားသောငါးကြော်များပေါ်သို့ ငါးကြော်ဆီအနည်းငယ်နှင့် လိမ္မော်ရည်တို့ကို နှံ့အောင်လောင်းထည့်ပြီး တည်ခင်းပါ။