Ingredients
ပါစတာ (pasta) - ၅၀၀ ဂရမ်
သံလွင်ဆီ - ၈၀ မီလီလီတာ
ကြက်သွန်ဖြူ - ၃မွှာ
ငရုတ်ရှည်အနီ - ၂ တောင့်
ခရမ်းချဉ်သီးမှည့် - ၄ လုံး
နံနံပင် - ၃ ပင်
Parmesan ချိစ့်အမှုန့် - ၄၀ ဂရမ်
Directions
၁။ ရေဆူဆူတွင် ပါစတာကိုထည့်ပြုတ်ပါ။ အဖုံးမအုပ်ပါနှင့်။ နူးညံ့ပျော့ပြောင်းလာလျှင် ဆယ်ပြီးရေစစ်ထားပါ။
၂။ အကြော်ဒယ်အိုးတစ်လုံးတွင် ဆီထည့်ပြီး မီးအပူပေးပါ။ ငရုတ်သီးနှင့် ကြက်သွန်ဖြူများထည့်ပြီး အမွှေးနံ့ထွက်လာသည်အထိ တစ်မိနစ်မျှမွှေပေးပါ။ ပါးပါးလှီးထားသော ခရမ်းချဉ်သီးနှင့် နံနံပင် ကိုထည့်မွှေပါ။
မီးပိတ်လိုက်ပါ။
၃။ ပါစတာအပေါ်မှ ကြော်ထားသောအရောကို ဖြည်းညင်းစွာလောင်းထည့်ပါ။ အပေါ်မှ ချိစ့်အမှုန့်ဖြူးပြီး သုံးဆောင်ပါ။