Ingredients
ငါးအသား - ၂၀ကျပ်သား
ဂျုံစေ့ - ၁၀ကျပ်သား
ရှောက်ရည် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်ဥ - ၁လုံး
ဂျုံမှုန့် - အနည်းငယ်
ဆား - လက်ဖက်ရည်ဇွန်း တ၀က်
Mayonnaise - လိုသလောက်
Directions
၁။ ငါးကို အသားချည်းတုံးတစ်၍ ရှောက်ရည်နှင့် ဆားခတ်ပါ။ ကြက်ဥကို မွှေခေါက်ထားပါ။
၂။ ဒယ်အိုးထဲသို့ဆီထည့်ပြီး မီးအပူပေးပါ။ ငါးကို ဂျုံ၊ ကြက်ဥတို့နှင့်တို့ပြီး ဂျုံစေ့အုပ်ကာ ဆီပူထဲတွင် ကြွပ်ရွပြီး ရွှေညိုရောင်သန်းလာသည်အထိ ကြော်ပါ။
၃။ ဆီစစ်ပြီး ပန်းကန်ထဲထည့်၍ ပြင်ဆင်ပါ။ ရှောက်ရည်ဆမ်းပြီး Mayonnaise နှင့်တည်ခင်းပါ။